ဟိုတယ်ထက်တောင်သာတယ်ဗျို့
19-Jun-2017စီးပွားရေး လုပ်ငန်းရှင်ကြီး နှစ်ဦးဆုံကြရာဝယ် …
“ ကိုယ့်လူအလုပ်တွေ နေ့မအား ညမအားလုပ်နေပါလား၊ အနားလေးဘာလေး ယူပါဦး”
“နားချင်တာပေါ့ဗျာ၊ ဒါပေမဲ့ မိန်းမအလိုမကျမှာလည်း ရှိသေးတယ်ဗျ”
“ ကျုပ်လည်း ခင်ဗျားလိုပါပဲ၊ ဒါပေမဲ့ နည်းသိရင် လွယ်ပါတယ်”
“ ပြောပါဦး”
“ ကျန်းမာရေး အကြောင်းပြပြီး အထူးကုဆေးရုံကြီးတစ်ရုံမှာ တက်ပြီးနားလိုက်ပေါ့”
Credit : မှူးအိမ်ဇင်